The King 2 Hearts ( 2012 )



ဒီတခါတော့ လေဒီတို့အသည်းကျော်မျောက်(အိုဂုံ)လေးကို အလွမ်းပြေကြည့်ဖို့ အိုဂုံ ရဲ့ ဇာတ်လမ်းတွဲ အဟောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ……
ဒီဇာတ်လမ်းတွဲလေးကို၂၀၁၂ မှာ MBC ရုပ်သံလိုင်းက လွှင့်ခဲ့တာဖြစ်ပြီး IMDb Rating 8/10 ရထားတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ် …
ဇာတ်လမ်းအကျဉ်းလေးကတော့ –
ဘုရင်လုံးဝမဖြစ်ချင်၊ ကိုယ့်အတွက်ကိုယ်သာသိတတ်၊ ဖြတ်ထိုးဥာဏ်လည်းအင်မတန်ကောင်းတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ အိမ်ရှေ့စံမင်းသား လီဂျယ်ဟာ (ယူတို့ရဲ့အိုဂုံလေး/Lee Seung-Gi) နဲ့ 
မြောက်ကိုရီးယားနိုင်ငံ အထူးတပ်ဖွဲ့စစ်ရေးပြနည်းပြဖြစ်ဖူးသူ၊ လက်ရှိမှာလည်း တပ်ထဲမှာ စစ်ရေးပြသင်တန်းမှုးဖြစ်ပြီး တိုက်ရေးခိုက်ရေး အင်မတန်ကျွမ်းကျင်လှတဲ့ ရဲဘော် ကင်ဟန်းအာ(Ha Ji-Won –  Hospital Shipထဲကမင်းသမီး) တို့ ဟာ …
တောင်-မြောက်တစ်သင်းတည်းပေါင်းပြီး WOC (World Officers Contest) မှာ ပါဝင်ဆင်နွှဲဖို့
အတူလေ့ကျင့်ရေးဆင်းရင်း မတည့်အတူနေရဲဘော်ရဲဘက်အဖြစ်ကနေ ကြင်ရာဖက်တွေဖြစ်လာဖို့ အကြောင်း ဖန်လာသောအခါ …
ဥာဏ်နီဥာဏ်နက်အင်မတန်များတဲ့ ငပျင်းမင်းသားလေးကို WOC အတွက်လေ့ကျင့်ရေးမှာ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ကင်ဟန်းအာက ဘယ်လိုတွေလေ့ကျင့်ခိုင်းမလဲ …
ရန်ဖြစ်ရင်း တစ်ယောက်စိတ်ထဲ တစ်ယောက်ဘယ်လိုတွေ ရောက်ရှိကုန်ကြမလဲ အပြင် …
လက်ထပ်ရမဲ့ကြင်ရာဖက်တွေဖြစ်လာတဲ့အခါ ဘယ်လိုအခက်ခဲတွေ ရင်ဆိုင်ရမလဲ…..
ငြိမ်းချမ်းရေးကိုဖော်ဆောင်မဲ့ တောင်-မြောက်နှစ်သင်းပေါင်းပြီး WOC မှာဆင်နွှဲဖို့ လည်း သာယာဖြောင့်ဖြူးနိုင်ပါ့မလား ….
အထူးသဖြင့် လူမျိုးတူ နိုင်ငံတူဖြစ်ပြီး နှစ်ခြမ်းကွဲနေတဲ့အတွက် ဘယ်လိုအယူဝါဒတွေ ၊ ခံယူချက်တွေ ကွဲပြားနေမလဲ၊ တစ်ဦးနဲ့တစ်ဦးရော ယုံကြည်မှု ထားနိုင်ပါ့မလားဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုအားပေးကြပါနော်….
ပုံမှန်ဇာတ်ကားတွေမှာလို Hero က မင်းသားမဟုတ်ဘဲ မင်းသမီး ဖြစ်နေတဲ့အတွက် အမြင်တစ်မျိုးဆန်းသစ်စေမှာပါ …
ဒါ့အပြင် ယူတို့အိုဂုံလေးရဲ့ လက်မြန်ခြေမြန်ရှိမှုတွေ မင်းသမီးကိုဆို ဘယ်လိုတွေနှိမ်ရင်း သ၀န်တိုမလဲဆိုတာ ဘာသာပြန်ရင်းနဲ့တောင် ရင်တွေတလှပ်လှပ်တုန်ရတယ်လို့ ပြောရင်ယုံလိုက်ကြပါ …
အချစ်၊ အလွမ်း၊ဟာသ ၊ အက်ရှင် အစုံပါတဲ့ဇာတ်လမ်းလေးမို့ ကြည့်ရှုသူတွေကို ရသပေါင်းစုံခံစားရစေမှာပါ ..
တစ်ခြား နာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာကလည်း ဇာတ်ရုပ်နဲ့အံဝင်ဂွင်ကျ နွားကွဲရင် ကျားဆွဲတတ်တဲ့ လောကနိယာမတွေ ၊ အကျိုးမြတ်အတွက်ဆို ဘယ်သူ့ကိုမဆို စတေးပစ်မဲ့စရိုက်တွေ ၊ ခေါင်းဆောင်ကောင်းတို့ရဲ့ စိတ်ထား ၊ ကိုယ့်အလုပ်အပေါ် သစ္စာရှိမှု အစရှိတာတွေကို ပေါ်လွင်အောင်သရုပ်ဆောင်ထားကြတာမို့ကြည့်ရှုသူတွေကို သင်ခန်းစာလည်းရစေနိုင်တဲ့ ဇာတ်လမ်းတွဲလေး ဖြစ်ပါတယ် …
ကြည့်ရှုအားပေးကြပါအုံးနော်..
( P.S –  ဒီကားရဲ့ Srt File မှာကိုက စာကြောင်းတွေက ကဂျိုးကဂျောင်ဖြစ်နေပြီး ပါပြီးသားတွေထပ်တလဲလဲပါတာမျိုး၊ တချို့ပြောတာတွေကျ မပါတာမျိုးတွေဖြစ်နေတဲ့အတွက် အချိန်ကိုကြည့်ပြီး ပြောသမျှနားထောင်ပြီး ကြိုးစား ဘာသာပြန်ထားပေးတာမို့ အမှားယွင်းပါခဲ့ရင် နားလည်ပေးကြစေချင်ပါတယ် … English လိုပြောတာတွေကတော့ srt file မှာကိုက စာကြောင်းမပါတာပါ … တမင်ထည့်မပြန်ထားတာ မျိုးမဟုတ်ပါဘူးနော် )
Translator : May Zun Aung
Encoder : Sandar Lwin
Quality : 720p HDTV
File Size : 460 – 550 MB
























အဆင်မပြေတာများရှိပါက cm ပေးခဲ့နိုင်ပါသည် 

0 comments:

Post a Comment

My Instagram