💞အချစ်နှောင်ကြိုး💕
Ongoing Chinese Drama
2018 May 9 ရက်နေ့မှ စထွက်တဲ့ တရုတ်ကားသစ်လေးပါ
2018 May 9 ရက်နေ့မှ စထွက်တဲ့ တရုတ်ကားသစ်လေးပါ
အပိုင်း၂၅ပိုင်းပါဝင်ပြီး Fantasy Romance ပြောရရင်တော့
မြေခွေးနဲ့လူသားရဲ့နှစ်ပေါင်းများစွာကြာတဲ့ အချစ်ဇာတ်လမ်းပါ
အဓိကမင်းသမီးအဖြစ် အားလုံးသိကြတဲ့
Ice Fantasyတို့ Lost Love in Timesတို့ထဲက Victoria Song ပါ
အဓိကမင်းသားအဖြစ်ကတော့ Addicted Heroin ထဲက Huang Jing Yuပါ
ဒုတိယမင်းသားအနေနဲ့ ပွေ့ဖက်နိုင်ခွင့် Can't Hug Youကားထဲက ချွေ့ကျွင့်ဟယ့် Xu Kai Chengပါဝင်တယ်
ဇာတ်လမ်းအကျဉ်းကတော့
မင်းသားက မြေခွေးမျိုးနွယ်စုရဲ့အရှင်ပါ
မင်းသမီးက ပထမဘဝမှာ သူမကိုယ်သူမစွန့်လွှတ်ပြီး မင်းသားကို ကယ်ခဲ့တာပါ
ဒါကြောင့် မင်းသားဟာ မင်းသမီးကို ဘဝဆက်တိုင်း ရှာဖွေပြီး သူတို့ဟာ မြင်မြင်ချင်းချစ်ခဲ့မိတာချည်းပါပဲ
ဒါပေမယ့် ဘဝဆက်တိုင်း မင်းသမီးက မထင်မှတ်ပဲသေဆုံးပါတယ်
ဒီဘဝမှာတော့ အချိန်နဲ့ခေတ်တွေက ပြောင်းသွားလို့
မင်းသမီးက မင်းသားကို မြင်မြင်ချင်းမချစ်ခဲ့ပါဘူး
မင်းသားက မင်းသမီး ၂၅နှစ်ပြည့်ရင်
သေမယ်ဆိုတဲ့ ကျိန်စာကိုဖျက်ဖို့ ကြိုးစားရှာခဲ့တယ်
မြေခွေးအဖွဲ့မှာ တောင်နဲ့မြောက်ခွဲထားပါတယ်
တောင်က မင်းသားတို့အဖွဲ့ပါ
လူသားနဲ့မြေခွေး အတူနေထိုင်ကြပြီး ခြားနားခြင်းတွေ မထားကြဘူး
မင်းသားရဲ့မျက်လုံးက နေ့ဘက်ကျရင် မမြင်ရတာက
သူက မြေခွေးအဖေနဲ့ လူအမေတို့ရောနှောထားတဲ့သူမလို့ပါ
မြောက်က မင်းသားအဖေနဲ့ မွေးစားအကိုတို့အဖွဲ့ပါ
မြေခွေးသီးသန့်နေထိုင်ပြီး လူတွေကိုရှောင်ရှားကြပါတယ်
ဒီဘဝမှာ မင်းသားက မင်းသမီးကျိန်စာပျက်ပြယ်အောင် လုပ်နိုင်ပြီး လက်တွဲသွားရမလားဆိုတာတော့
ကြည့်ပြီး ကြိုက်မကြိုက် comment လေးတွေပေးသွားကြအုံးနော်
✨Translated by Aung Khant, Jucy Lin, Khant Hmue Shwe Yi & Saw John
✨Edited & Encoded by San Nu
#TYMMtvcom မှ တင်ဆက်သည်
0 comments:
Post a Comment