Dream High



ဒီဇာတ်လမ်းတွဲလေးထဲမှာ ပရိသတ်အချစ်တော်မင်းသားKim So-hyun, Idolတွေဖြစ်ကြတဲ့ Bae Suzy(Miss A), IU, Eun Jung(T-ARA), Taec-yeon(2PM)နဲ့ Woo-young(2PM)တို့က ဂီရင်အနုပညာအထက်တန်းကျောင်းရဲ့ကျောင်းသူကျောင်းသားတွေအဖြစ် သရုပ်ဆောင်ထားကြပါတယ်။ ဂီရင်အနုပညာအထက်တန်းကျောင်းမှာ ကျောင်းတက်ကာ K-POP Idolတွေဖြစ်လာဖို့ သီချင်းဆိုပညာ၊ သီချင်းရေးပညာ၊ အကပညာတွေတိုးတက်လာအောင်သင်ယူရင်း ဘဝအသိဥာဏ်တွေပါ ရင့်ကျက်လာကြပုံ၊ အခက်အခဲတွေရင်ဆိုင်ရတဲ့အခါ မဆုတ်မနစ်ကြိုးစားကြပုံတွေကို ရသစုံနှောရင်း ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ်။ ဇာတ်ဝင်သီချင်းတွေကလည်း အတော်လေးကောင်းမွန်ပါတယ်။ နားထဲစွဲစေမယ့်အချစ်သီချင်းလေးတွေပါသလို စိတ်ဓာတ်ခွန်အားပေးတဲ့သီချင်းတွေလည်း ပါဝင်ပါတယ်။ ဇာတ်လမ်းရော သီချင်းတွေပါ ကောင်းမွန်တဲ့စီးရီးတွေထဲကတစ်ခုဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။





အဆင်မပြေတာများရှိပါက CM ပေးခဲ့နိုင်ပါသည် 

 

0 comments:

Post a Comment

My Instagram