တရုတ်ဂန္တဝင်ဝတ္ထုရှည်ဖြစ်တဲ့ “Journey to the West” – ငယ်ငယ်က အသည်းစွဲ
“အနောက်ဘက်သို့ ခရီးသွားခြင်း” ဆိုတဲ့ “စွန်းဝူခုန်း” “ရှိဖေါ့” “ပါကျဲ့”
“ရေသရဲ” တို့ရဲ့ ဇာတ်လမ်း ကို ခုခေတ် ပုံစံပြန်လည်ရေးသားရိုက်ကူးထားတဲ့ TvN
ရဲ့ Drama အသစ် ဖြစ်တဲ့ “Hwayugi (A Korean Odyssey)“ဆိုတဲ့ ဇာတ်ကားနဲ့
မိတ်ဆက်ပေးချင်လို့ပါ ?♥️
ဒီလို ဂန္ထဝင် ဇာတ်လမ်းတစ်ပုဒ်ကို အချစ်ဟာသဇာတ်လမ်းအဖြစ် ဘယ်လိုများ ပြောင်းလဲပုံဖေါ်မလဲ ဆိုတော့ဇာတ်လမ်းပုံစံလေးက ဒီလိုပါ။
Jin
Sun Mi (Oh Yeon Seo)_ သူမဟာ ကံအညံ့တွေကို တွန်းလှန်တိုက်ထုတ်နိုင်တဲ့
စွမ်းအားရှိသူဖြစ်ပါတယ်။ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း CEO ဖြစ်သူ Jin Sun
Mi (Oh Yeon Seo) ဟာ ကံဆိုးမှုတွေကိုသယ်ဆောင်လာတဲ့ နတ်ဆိုးတွေကို
မောင်းထုတ်နိုင်စွမ်းရှိတာကြောင့် သူမရဲ့ဘဝမှာ အောင်မြင်မှုတွေကိုပဲ
ပိုင်ဆိုင်လာခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့အလုပ်မှာ ဆွဲဆောင်မှုရှိပြီး
သွက်လက်ထက်မြက်တဲ့ စီးပွားရေးလုပ်ငန်းရှင် Son Oh Gong (Lee Seung Gi)
နောက်တစ်ယောက်က ထိပ်တန်း ကြယ်ပွင့်ဖြစ်သူ P.K (Lee Hong Ki) သူ့ကိုသူပိုမို
တက်ကြွ လန့်ဆန်းပြီး ခန့်ငြားနေဖို့ အတွက် မိန်းကလေး
ပရိတ်သတ်အများအပြားအလိုရှိနေသူ ?
နောက်ပြီး နာမည်ကျော်တော်တော်များများထက်တောင် ချောမောကြည့်ကောင်းလှတဲ့ ဖျော်ဖြေရေးကုမ္ပဏီပိုင်ရှင် Woo Hwi Chul (Cha Seung Won)
စတဲ့ စတဲ့ ဆရာသမား (၃) ဦးတို့နဲ့ တွေ့ဆုံဖို့ဖန်တီးလာခဲ့ပြီးနောက်မှာတော့ သူမရဲ့ဘဝဟာ ရှုပ်ထွေးလာခဲ့ပါတယ်။
စတဲ့ စတဲ့ ဆရာသမား (၃) ဦးတို့နဲ့ တွေ့ဆုံဖို့ဖန်တီးလာခဲ့ပြီးနောက်မှာတော့ သူမရဲ့ဘဝဟာ ရှုပ်ထွေးလာခဲ့ပါတယ်။
Hwayugi ဇာတ်လမ်းတွဲကို ဒီနေ့ည ဒီဇင်ဘာ (၂၃)ရက် ကိုရီးယားစံတော်ချိန် ည(၉)နာရီအချိန်မှာ စတင်လို့ TvN ရုပ်သံလိုင်းကနေထုတ်လွှင့်မှာပါ
Hwayugi
ကို”The Greatest Love (2011)”, “Big (2012)”, “Master’s Sun (2013)”,
“Warm and Cozy (2015)” တို့နဲ့ Hong Sisters လို့ လူသိများတဲ့ Jong Jung
Eun နဲ့ Hong Mi Run တို့ ရေးသားထားတာပါ။
Review by KDramaCraziesMyanmarFan
Translated by GC Volunteers
Encoded by Phyo Thant
အဆင်မပြေတာများရှိပါက cm ပေးခဲ့နိုင်ပါသည်
0 comments:
Post a Comment