အခုတစ်ခါမိတ်ဆက်ပေးမယ့်ကားလေးကတော့
TVN ကနေထုတ်လွှင့်တဲ့
ဆရာဝန်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်
ဒီကားထဲမှာPotato Starနဲ့လူသိများပြီး
jealousy Incranate,
Chigago Typewriter,Reply 1988,
Strongest Deliverymanတို့နဲ့နာမည်ကြီးလာတဲ့
မင်းသားချောGo Kyung pyoအပြင်
မင်းသားကြီးCho Jae Won နဲ့
မင်းသားKim Ji Hamအပြင်
မင်းသမီး Jeon So Minနဲ့အတူ
မင်းသမီးYan Jin Sung
အဓိကပါဝင်ထားပါတယ်
-------->ဇာတ်လမ်းအကျဉ်း<---------
အဖေဖြစ်သူက အသတ်ခံရပြီး
ကိုယ်တွင်းအင်္ဂါတွေ အထုတ်ခံခဲ့ရတယ်
ကျန်ရစ်ခဲ့တဲ့ကျန်းမာရေးချူချာလွန်းတဲ့ညီမလေးနဲ့သူ
ခက်ခဲနေချိန်မှာ ကမ္ဘာကျော် အသည်းအစားထိုးကုသသူ
အင်္ဂါအစားထိုးကုသဌာနရဲ့ အကြီးအကဲ
ဂိုဂျွန်ဟွန်း ( Cho Jae hyun ) က မွေးစားခဲ့တယ်
သူ့အဖို့ အမှောင်ထဲမှာ အလင်းပြလိုက်သလိုပါပဲ
မွေးစားအဖေလို့ သဘောမထားပဲ
အဖေအရင်းလိုသူ သဘောထား ယုံကြည်ခဲ့တယ်
တစ်နေ့သူ့ညီမသေဆုံးတော့
ကိုယ်တွင်းအင်္ဂါတွေ ထုတ်ပြီး မွေးစားအဖေက လှူလိုက်တဲ့အခါ
နာကျဉ်းခံပြင်းမှုနဲ့အတူသူ့အဖေကို သတ်ခဲ့တဲ့သူကိုသာမက
မွေးစားအဖေ ဂိုဂျွန်ဟွန်းကိုပါ စိတ်ထဲ
ခွင့်မလွှတ်နိုင်ဖြစ်နေခဲ့တဲ့သူ
အတန်းတိုင်း ထိပ်ဆုံးရအောင်ကြိုးစားရင်းက
ဆရာဝန် လိုင်စင်အတွက်လည်း
အမှတ် အမြင့်ဆုံး ရခဲ့သော ကောင်းအင်ကျု ( Go Kyung pyo )
အင်္ဂါအစားထိုးကုသတဲ့ ဌာနမှာ
ခွဲစိတ်ကု ဆရာဝန် အနေနဲ့ အလုပ်ရခဲ့တယ်
ခွဲစိတ်ဆရာဝမ်လုပ်ရင်း၎နှစ်အကြာ
တနေ့ ရှင်းဂွမ်းထောင်မှာ ဆေးပညာဆိုင်ရာ
အကြီးအကဲ လိုတော့သူ့အဖေကို
လူမဆန်စွာ သတ်ခဲ့တဲ့ လူသတ်သမားကို
ကလဲ့စားချေဖို့ သူ လက်ရှိအလုပ်ကနေ ထွက်ပြီး
ထောင်မှာအလုပ် သွားလျှောက်ခဲ့တယ်
သူ့အဖေ အင်္ဂါထုတ်ခံရတာနဲ့ ပတ်သက်ပြီး
ဆက်လက်စုံစမ်းတဲ့အခါ တွေ့ရှိလာတဲ့
ရှုပ်ထွေးလွန်းတဲ့အတွင်းအင်္ဂါ ရောင်းဝယ်မှုတွေနဲ့အတူ
သူရဲ့အာဃာတတွေကိုကော ဘယ်လိုနည်းနဲ့
ကလဲ့စားချေမလဲ ဆိုတာတော့....
Review and Translate by Snow Tower

0 comments:
Post a Comment