ကိုးရီးယားဒရာမာပရိသတ်တွေကြားမှာ
ရုတ်ရုတ်သဲသဲဖြစ်စေပြီး လူတိုင်းရဲ့ပါးစပ်ဖျားမှာ ပြောနေကြရတာကတော့
နာမည်ကျော်မင်းသားတွေရဲ့ ပထမအနမ်းကို လက်ခံရရှိမဲ့
ကံထူးသူကောင်မလေးအကြောင်း ဇာတ်အိမ်ဖွဲ့ထားတဲ့ “7 First Kisses” ဆိုတဲ့
စီးရီးအကြောင်းပါပဲ။ ဒီဇင်ဘာလ ၅ ရက်နေ့မှာ စတင်ထုတ်လွင့်မဲ့
အဆိုပါစီးရီးအတွက် ဒီရက်ပိုင်းမှာပဲ အကြိုထွက်ရှိလာတဲ့ ၇၁ စက္ကန့်စာ
ဗီဒီယိုအပိုင်းတိုလေးဟာ နူတ်ခမ်းနီမလေးတွေရဲ့ စိတ်ဝင်စားမှုတွေကို
အောင်အောင်မြင်မြင် သိမ်းပိုက်သွားနိုင်ခဲ့တာပါ။
ဒရာမာဇာတ်အိမ်ကတော့။
မင်ဆိုဂျင်(Lee Cho Hee)ဆိုတဲ့ ကောင်မလေးဟာ နေ့စဉ်ဘ၀ကို
အလုပ်မှာပဲဖြတ်သန်းနေရပြီး ချစ်သူတစ်ခါမှမထားဖူးသူပါ။
သူမရဲ့ဟန်မဆောင်တတ်တဲ့ဆန္ဒကြောင့် ကောင်းကင်ဘုံကပေးတဲ့ အထူးလက်ဆောင်ကို
လက်ခံရရှိခဲ့ပါတယ်။ တစ်ရက်မှာတော့ နတ်ဘုရားမလေး(Choi Ji Woo) က သူမကို
ခပ်ချောချောကောင်လေး ၇ ယောက်နဲ့ ဆုံတွေစေခဲ့ပါတယ်။ ကံထူးလှတဲ့
မိန်းမပျိုလေး မင်ဆိုဂျင်ဟာ အဆိုပါ ကောင်လေး ၇ ဦးထဲက
သူမရဲ့ပထမအနမ်းပိုင်ရှင် ချစ်သူကောင်လေးတစ်ယောက်ကို
ရွှေးချယ်ရမှာလည်းဖြစ်ပါတယ်။ ကောင်လေး ၇ ယောက်အဖြစ်တော့ ပြီးပြည့်စုံသူ(Lee
Joon Gi)၊ ဆွဲဆောင်မှုရှိတဲ့ လျှို့ဝှက်စုံထောက်(Ji Chang Wook)၊
စိတ်ကူးယဉ်ဖို့ကောင်းတဲ့သူဌေး( Park Hae Jin)၊ ချမ်းသာတဲ့သူဌေးသားလေး[TaecYeon (2PM)]၊ နှစ်လိုဖွယ်ကောင်းတဲ့ကျောင်းသားေ လး[Kai (EXO)]၊ နိုင်ငံအချစ်တော် သရုပ်ဆောင်မင်းသားအဖြစ်(Lee Jong Suk) နဲ့ ပေါ့ပေါ့ပါးပါးခရီးသွားလေးအဖြစ် (Lee Min ho) တို့က ပါဝင်သွားမှာပါ......![😍](https://mail.google.com/mail/e/1f60d)
![😍](https://mail.google.com/mail/e/1f60d)
0 comments:
Post a Comment