ကိုရီးယားဒရမ်မာချစ်သူအားလုံးစောင့်မျှော်နေကြတဲ့ မင်းသားလီမင်းဟိုနဲ့
မင်းသမီး ဂျွန်ဂျီယောင်းတို့ရဲ့ ဟာသဇာတ်မြူးအချစ်ဇာတ်လမ်း လာပါပြီ။
ကိုရီးယားရာဇ၀င်ဇာတ်လမ်းတွေထဲမှာ လူပြောများကြတယ်လို့ ဆိုထားတဲ့
ဂျိုဆွန်းခေတ်ကဇာတ်လမ်းနဲ့ ယနေ့ခေတ် ၂၁ ရာစုဇာတ်လမ်းကို
ပေါင်းစပ်မွှေနှောက်ထားတဲ့ ဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်။
ဂျိုဆွန်းခေတ်တုန်းက တံငါသည်တစ်ဦးဟာ ရေသူမတစ်ကောင်ကို ဖမ်းမိခဲ့ရာကနေ
စတင်လာတဲ့ ဇာတ်လမ်းတစ်ပုဒ်ဟာ အဲဒီခေတ်မှာ ဟိုးလေးတကျော်ဖြစ်သွားခဲ့ပါတယ်။
ရေသူမဆိုတာ လူသားတွေရဲ့ ၀ိညာဉ်ကိုနှုတ်ပြီး မှတ်ဥာဏ်တွေကို
ဖျက်ဆီးပစ်လိုက်တယ်လို့ အဆိုရှိကြပေမယ့် ဆိပ်ကမ်းမြို့လေးတစ်ခုကို
မြို့တော်ဝန်အနေနဲ့ တာဝန်ကျလို့ ရောက်လာတဲ့ အမျိုးသားတစ်ဦးနဲ့
ရေသူမလေးတစ်ဦးတို့ရဲ့ ဆွတ်ပျံ့လွမ်းမောဖွယ် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။
ဒီဘက်ခေတ်မှာတော့ မျက်လှည့်ပညာရှင် ဟောဂျွန်းဂျယ် (လီမင်းဟို) ရဲ့
ဖမ်းဆီးမှုကိုခံလိုက်ရတဲ့ ရေသူမ ချစ်သူအဖြစ် ရှင်းချောင် (ဂျွန်ဂျီယောင်း) က
သရုပ်ဆောင်မှာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်နှောင်းပိုင်းကတည်းက
ဒရမ်မာဇာတ်လမ်းတွေနဲ့ အလှမ်းကွာနေခဲ့တဲ့ လီမင်းဟိုနဲ့
ကိုရီးယားကြော်ငြာမင်းသမီးရယ်လို့ တင်စားကြတဲ့ မင်းသမီး
ဂျွန်းဂျီယောင်းတို့ ဘယ်လို အတွဲညီညီသရုပ်ဆောင်မယ်ဆိုတာ ဇာတ်လမ်းလေးကို
ဆက်လက်ရှုစားပေးပါခင်ဗျာ။
Translated by : Waing Nay Oppa, Htag, Phyo Thant, Julia Wine
Encoded by : KaYit
အဆင်မပြေတာများရှိပါက cm ပေးခဲ့နိုင်ပါသည်
0 comments:
Post a Comment