Exit ထွက်ပေါက် (2018)




ထွက်ပေါက် 
 Exit (2018)
အသစ်စက်စက် ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ
ဇာတ်လမ်းကောင်းတဲ့အပြင် အပိုင်း 4ပိုင်းပဲရှိတာကြောင့်
ဇာတ်လမ်းရှည်မကြိုက်သူတို့ကျေနပ်စေမှာပါ
ဒါအပြင်မင်းသားက မင်းသမီး Park Shin Hye ရဲ့oppa
မင်းသား Choi Tae Joon ပါကြည့်ချင်သွားတယ်မလား
*** မင်းဆင်းရဲဘူးလား
မပြည့်စုံလို့မျှော်မှန်းချက်တွေမြိုသိပ်ပြီး
မလုပ်ချင်တဲ့အလုပ်တွေကိုပဲ
လုပ်နေရတာလို့ မပျော်ရွှင်ဘူးဖြစ်နေတာလား
ဒီနေရာကမင်းအိမ်မက်တွေနဲ့
ပျော်ရွှင်မှုတွေကိုစောင်ကျဉ်းပေးလိမ့်မယ်***
ငယ်ငယ်ကတည်းက မိခင်ဖြစ်သူရဲ့စွန့်ပစ်ခြင်းခံရတဲ့သူ
ဆိုးတေမိုက်ပြီး အကြွေးဝိုင်းနေတဲ့အဖေဖြစ်သူနဲ့နေခဲ့ရတဲ့သူ
အသက်ကြီးလာတော့ ဖခင်အကြွေးပြန်ဆပ်နိုင်ဖို့
ငွေတိုးချေးတဲ့သူဆီမှာ လူမိုက်အဖြစ်နဲ့ငွေတောင်းပေးရတယ်
သူ့မျှော်လင့်ချက်လေးက မိသားစုပြန်လည်
သင့်သင့်မြတ်မြတ်နေနိုင်ဖို့တစ်ခုပဲ
ဒါပေမယ့် ဒီအလုပ်တွေထဲမှာသူ ဝဲလည်နေတယ်
ပျော်ရွှင်မှုဆိုတာဘာလဲ သူမသိဘူး
တစ်နေ့ လက်ကမ်းကြေငြာ တစ်ခုဖတ်မိတယ်
ပျော်ရွှင်ချင်လားတဲ့ 
ဓာတ်ခွဲခန်းတစ်ခု ဆေးတစ်ခုကိုထိုးပေးတယ်
ဒီဆေးက ပျော်ရွှင်မှုဖြစ်စေတဲ့ဆေး
မေ့မြောနေပြီး စိတ်ကူးယဉ်ဘဝထဲမှာ
လိုခြင်တဲ့ ပျော်ရွှင်စရာဘဝလေးကိုရနိုင်တယ်
စိတ်ကူးယဉ်ဘဝနော် လူကတော့မေ့မြောနေတယ်
ဘယ်တော့နိုးလာမယ်မသိဘူး ပြန်မနိုးလာတာလည်းဖြစ်နိုင်တယ်
အဖေ ဖြစ်သူ က သူ့သား ဓာတ်ခွဲခန်းမှာအစမ်းသပ်ခံမှန်း
သိသွားခဲ့တယ် မသင်္ကာလို့စောင့်ကြည့်နေတုန်း
ပြန်မနိုးလာတော့တဲ့သူတွေကို မီးရှို့ အလောင်းဖျောက်နေမှန်း
သိသွားတဲ့အခါ သူဘယ်လိုလုပ်မှာလဲ
သူ့သားလေးကို ပြန်နှိုးနိုင်ပါ့မလားဆိုတာတော့..






အဆင်မပြေတာများရှိပါက cm ပေးခဲ့နိုင်ပါသည် 


0 comments:

Post a Comment

My Instagram